ပုလဲနယ်မှာ ထိုးစစ်ကြောင့် ဒေသခံ ၃ သောင်း ထွက်ပြေးနေရတဲ့အကြောင်းနဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ပုလဲနယ်မှာ စစ်တပ်ထိုးစစ်ကြောင့် ဒေသခံ ၃ သောင်း ထွက်ပြေးနေရတဲ့အကြောင်းနဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။
စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်း စစ်ဆင်ရေးလုပ်ခဲ့အပြီး ရွာသား ၃၀ သေဆုံးပြီး ၁၅၀ ခန့်ကို ဓားစာခံဖမ်းဆီးခံရ။
ဗိုလ်နဂါးလက်နက်ချပြီးကတည်းက အင်အား ၃၀၀ ခန့်နဲ့ ပုလဲနယ်ကို စစ်ကြောင်းထိုးနေဟုဆို။
အာဏာသိမ်း ငါးနှစ်အတွင်း အမျိုးသမီးအလုပ်သမတွေကို အလုပ်ရှင်တွေက ကိုယ်ထိလက်ရောက် ကျူးလွန် နှိပ်စက်တာတွေ ရှိလာဟုဆို။
အိမ်၊ ဝင်ငွေနဲ့ အခြေခံဝန်ဆောင်မှု ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေ ဘေးကင်းစွာ မီးဖွားနိုင်ရေးကိုပင်စိုးရိမ်နေရ။
မြန်မာဦးဆောင်၊ မြန်မာပဲဆုံးဖြတ်နိုင်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ်ထွန်းလာဖို့ ပူးပေါင်းကူညီဖို့ပန်ကြားခဲ့။
စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ကယားပြည်နယ်တစ်နေရာက ကလေးများကိုတွေ့ရပုံ (CTER-Karenni )