တဲအိမ်ကျဉ်းကျဉ်းလေးထဲမှာ ခိုလှုံရင်း ထမင်းနပ်မှန်အောင် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မဇင်နွယ်ဦးတို့ သားမိနှစ်ယောက်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့ တိုက်ပွဲတွေအမြန်ပြီးဆုံးပြီး ကိုယ့်အိမ်ကို ပြန်နိုင်ဖို့ပဲဖြစ်တယ်။
ပရဟိတအဖွဲ့တွေဟာ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ခွင့်ရတာပါ။
မန္တလေးကျုံးဘေးမှာ ယာယီခိုလှုံနေရာကနေ စစ်ကောင်စီက အတင်းအကျပ်နေရာရွှေ့ခိုင်းလို့ ကျုံးရဲ့ မြောက်ဘက်တန်းက သုဓမ္မာဇရပ်တန်းကိုရောက်လာတဲ့ ငလျင်ဘေးသင့်ပြည်သူတွေ မိုးလုံလေလုံတဲ့ ယာယီတဲတွေ လိုအပ်နေပါတယ်။
ငလျင်ကြောင့် စစ်ကိုင်းမြို့ဟာ အရာရာပျက်စီးသွားပါပြီ။ အဆောက်အအုံအများအပြား ပြိုလဲခဲ့သလို ချက်ချင်းဆိုသလို လူသောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့ ရန်ကုန်မြို့က လူစည်ကားရာနေရာမှာ စာရေးဆရာတွေ ကြိုးပမ်း နေကြပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းမြို့နယ်က ငလျင်ဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းဖို့ လူငယ်တွေ စုပေါင်းထားတဲ့ 9 Star အဖွဲ့ကတော့ ရန်ကုန်မြို့က လူစည်ကားရာနေရာတွေမှာ လှည့်လည်အလှူခံနေတာပါ။
ငလျင်ကြောင့် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေဟာ လမ်းဘေး၊ ပန်းခြံ၊ ဘုန်းကြီးကျောင်း၊ မြေကွက်လပ် စတဲ့ နေရာတွေမှာ မိသားစုလိုက် ယာယီတဲတွေနဲ့ နေထိုင်နေကြရပါတယ်။
နိုင်ငံတဝန်းမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ အင်အားပြင်းမြေငလျင်ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး ရေပြတ်လပ်မှုပါ ကြုံနေကြရပါတယ်။
မြန်မာ့လက်မှု ပစ္စည်းတွေနေရာမှာ ပလတ်စတစ်ပစ္စည်းတွေက အကျယ်တဝင့် နေရာယူထားပေမဲ့ ဝါးနဲ့ ကြိမ်ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ စကော၊ ခမောက်၊ ဆွဲခြင်း၊ ယပ်တောင် စတာတွေကိုတော့ အမြတ်တနိုးနဲ့ အသုံးပြုနေကြသူ အများအပြားရှိနေဆဲပါ။
ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းလည်း မစုံလင်သလို စာသင်ပေးမယ့် ဆရာ ဆရာမတွေကိုလည်း လောက်ငှအောင် မထောက်ပံ့နိုင်ပါဘူး။